နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ
အတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်ကျား၊
နေပြည်တော်၊ဧရာဝတီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်း
ဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊
ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်
ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊မကွေးတိုင်းဒေသကြီးတွင်ဒေသအလိုက်နှင့်
မန္တလေးတိုင်းဒေသကြီးတွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာ
ချောက်မြို့တွင်(၃.၅၄)လက်မ၊ညောင်ဦးမြို့တွင်(၂.၆၃)လက်မ၊ညောင်တုန်းမြို့တွင်(၂.၃၇)လက်မ၊
မင်းတပ်မြို့တွင်(၂.၃၆)လက်မ၊ပဲခူးမြို့တွင်(၂.၀၁)လက်မ၊ပခုက္ကူမြို့တွင်(၁.၉၇)လက်မ၊
ဆင်ဖြူကျွန်းမြို့တွင်(၁.၆၉)လက်မ၊ကျောက်ထုမြို့တွင်(၁.၅၀)လက်မနှင့်ဆောမြို့တွင်(၁.၄၅)လက်မ
တို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အလယ်ပိုင်းတို့တွင်
တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်
မုတ်သုံလေအားနည်းနေပါသည်။
မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်နေရာ
ကွက်ကျား၊ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)တွင်နေရာကျဲကျဲ၊နေပြည်တော်၊စစ်ကိုင်းတိုင်း
ဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်း
ဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်း
ဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊စစ်ကိုင်းတိုင်းဒေသကြီး
အောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်နေရာကွက်၍မိုးကြီးနိုင်
ပါသည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း
တို့တွင်မုတ်သုံလေအားနည်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
လာမည့်စနေ၊တနင်္ဂနွေအားလပ်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်
နှင့်မန္တလေးတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲနှင့်ရန်ကုန်တိုင်းဒေသကြီးတွင်နေရာ
စိပ်စိပ်မိုးထစ်ချုန်းရွာမည်။