DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၂-၁-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

မိုးခေါင်ခြင်း (Drought)

မိုးခေါင်ခြင်း (Drought)

ပြည်နယ်နှင့်တိုင်း(သို့မဟုတ်)မြို့နယ်တစ်ခုခုအားမိုးခေါင်ခြင်းဖြစ်စဉ်ကိုအောက်ပါအတိုင်းသတ်မှတ်

ပါသည် -

(က) နှစ်ပေါင်း(၃၀)ပျမ်းမျှမိုးရေချိန်ပမာဏထက်(၂၀)ရာခိုင်နှုန်းမိုးလျော့နည်းမှုသည်(၇)ရက်ထက်

ပိုပါကမိုးခေါင်ခြင်းဟုသတ်မှတ်ပါသည်။အဆိုပါမိုးခေါင်ခြင်းသည်သာမန်မိုးခေါင်ခြင်း(Minor

Drought)ဟုသတ်မှတ်ပါသည်။

(ခ) နှစ်ပေါင်း(၃၀)ပျှမ်းမျှမိုးရေချိန်ပမာဏထက်(၅၀)ရာခိုင်နှုန်းနှင့်အထက်လျော့နည်းမှု(၁၅)ရက်ထက်

ပိုပါကအဓိကမိုးခေါင်ခြင်း(Major Drought)ဟုသတ်မှတ်ပါသည်။