DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၁-၂၀၂၄:ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း (၂.၈.၂၀၁၆)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကကယားပြည်နယ်တွင်နေရာကွက်ကျား၊နေပြည်တော်၊ရန်ကုန်တိုင်းဒေသကြီးနှင်‌့ရှမ်း

ပြည်နယ်(မြောက်ပိုင်းနှင်‌့အရှေ့ပိုင်း)တို့တွင်နေရာကျဲကျဲ၊မန္တလေးတိုင်းဒေသကြီးနှင်‌့ရှမ်းပြည်

နယ်(တောင်ပိုင်း)တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့

အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊မကွေးတိုင်းဒေသကြီးတွင်ဒေသအလိုက်၊ရခိုင်ပြည်နယ်၊ကရင်ပြည်

နယ်နှင်‌့မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာ

စစ်တွေမြို့တွင်(၅.၅၅)လက်မ၊သထုံမြို့တွင်(၃.၇၈)လက်မ၊ထီးလင်းမြို့တွင်(၃.၄၀)လက်မ၊

ဟားခါးမြို့တွင်(၂.၉၆)လက်မ၊ကျောက်ထုမြို့တွင်(၂.၇၂)လက်မ၊ကျိုက္ခမီမြို့တွင်(၂.၆၈)

လက်မ၊ဆောမြို့တွင်(၂.၅၁)လက်မ၊ဘီလင်းမြို့တွင်(၂.၂၄)လက်မ၊ကျိုက်မရောမြို့တွင်(၁.၈၁)

လက်မ၊ဘားအံမြို့တွင်(၁.၇၇)လက်မ၊ထားဝယ်မြို့တွင်(၁.၆၂)လက်မနှင်‌့မာန်အောင်မြို့တွင်

(၁.၅၇)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်တိုင်းထွာ

ချက်များအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း

သည်ဆက်လက်တည်ရှိနေပါသည်။ကပ္ပလီပင်လယ်ပြင်နှင်‌့ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေပြည်တော်နှင်‌့မန္တလေးတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲ၊

စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နှင်‌့ကယားပြည်နယ်

တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင်‌့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်း

ရွာပြီး၊ရခိုင်ပြည်နယ်တွင်ဒေသအလိုက်၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါ

သည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်

ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/

မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ကရင်

ပြည်နယ်နှင်‌့မွန်ပြည်နယ်တို့တွင်မိုးဆက်လက်ပိုနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။