နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက
ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်
နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်
နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသ ကြီးအောက်ပိုင်းနှင့်
မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ သံတွဲမြို့တွင်
(၄.၄၁) လက်မ၊ ဟားခါးမြို့နှင့် စစ်တွေမြို့တို့တွင် (၃.၅၄)လက်မစီ၊ ဆောမြို့တွင် (၃.၅၂)လက်မ၊
ဘီလင်းမြို့တွင် (၃.၃၁)လက်မ၊ မင်းတပ် မြို့တွင် (၃.၁၅)လက်မ၊ လှိုင်းဘွဲ့မြို့တွင် (၂.၉၉)လက်မ၊
ငါးသိုင်းချောင်းမြို့တွင် (၂.၆၄)လက်မ၊ ကျောက်ဖြူမြို့တွင် (၂.၅၂)လက်မ၊ ကျောက်ထုမြို့တွင် (၂.၄၃)
လက်မ၊ မြစ်ကြီနားမြို့နှင့် ဘားအံမြို့တို့တွင် (၂.၂၉)လက်မစီ၊ ပေါက်မြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့တွင်
(၂.၁၇)လက်မစီ၊ ခရမ်းမြို့တွင် (၂.၀၉)လက်မ၊ ကွမ်းခြံကုန်းမြို့၊ ဟင်္သာတမြို့၊ မြောင်းမြမြို့နှင့် သထုံမြို့
တို့တွင် (၂.၀၅) လက်မစီ၊ ထီးလင်းမြို့တွင် (၁.၉၈)လက်မ၊ ညောင်ဦးမြို့တွင် (၁.၈၉)လက်မ၊ ကလေးမြို့
တွင် (၁.၇၃)လက်မ၊ ခန္တီးမြို့တွင် (၁.၆၅)လက်မ၊ မုံရွာမြို့တွင် (၁.၅၈)လက်မ၊ ကျောက်ပန်းတောင်းမြို့၊
လပွတ္တာမြို့နှင့် ချောင်းဆုံမြို့တို့တွင် (၁.၅၃)လက်မစီ၊ နေပြည်တော် (ဒက္ခိဏသီရိ) တွင် (၁.၅၀)လက်မ
တို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၃း၃၀)နာရီအချိန် တိုင်းထွာချက်များ
အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်
ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်
မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်း
နေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်
နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊
ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်
တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊
ချင်းပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်
ရာနှုန်းပြည့် ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ ြမန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ
မိုးသက်လေပြင်းများ ကျရောက် ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ
သည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကမ်းရိုးတန်းဒေသများတွင် မိုးဆက်လက်ပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊
နှစ်ကြိမ် ထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်
ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊
နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။