DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၁-၂၀၂၄:ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပါသည်။

 

နေ့စဉ်မိုးလေဝသခန့်မှန်းချက် (၃၁.၁၀.၂၀၁၅)

နေ့စဉ်မိုးလေဝသသတင်း

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကကရင်ပြည်နယ်မှာတိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊ချင်းပြည်နယ်မှာနေရာအနှံ့အပြား၊

စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာနေရာစိပ်စိပ်၊မန္တလေးတိုင်း

ဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာ

ကျဲကျဲနဲ့ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှာနေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပါသည်။မှတ်သား

ဖွယ်ရာမိုးရေချိန်များမှာတောင်ငူမြို့မှာ(၂.၁၇)လက်မ၊ဘော်လခဲမြို့မှာ(၁.၃၄)လက်မ၊ဟိုင်းကြီး

ကျွန်းမြို့မှာ(၁.၂၆)လက်မ၊မင်းတပ်မြို့မှာ(၁.၀၂)လက်မ၊ဟားခါးမြို့မှာ(ဝ.၈၇)လက်မနဲ့စစ်တွေ

မြို့မှာ(ဝ.၇၈)လက်မတို့ ဖြစ်ကြပါတယ်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့

တောင်ပိုင်းတို့မှာတိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်မှာတိမ်အသင့်

အတင့်မှတိမ်ထူထပ်နေပါတယ်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေး

တိုင်း‌ဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိပ်စိပ်၊ကချင်

ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကျဲကျဲနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာ

ကွက်ကျားမိုးထစ်ချုန်းရွာပါမယ်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတစ်ခါ

တစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါတယ်။မိုးသက်

လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါတယ်။

ကျန်မြန်မာ့ပင်လယ်ပြင်မှာလှိုင်းအသင့်အတင့်ရှိပါမယ်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်း‌ဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးဆက်လက်

ပိုနေပါမယ်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမယ်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာပါမယ်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာပါမယ်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။