DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၁-၂၀၂၄:ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပါသည်။

 

Daily Weather Forecast (1.6.2016)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
နေပြည်တော်

နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်း

ကမန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်aနရာအနှံ့အပြား

နှင်‌့ကျန်တိုင်းဒေသကြီးနှင်‌့ပြည်နယ်တို့တွင်နေရာစိပ်စိပ်မိုးထစ်ချုန်းရွာခဲ့ပြီး၊မန္တလေးတိုင်းဒေသကြီးနှင့်

ရခိုင်ပြည်နယ်တို့တွင်ဒေသအလိုက်နှင့်မကွေးတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်၍

မိုးကြီးခဲ့ပါသည်။တိုင်းထွာရရှိသည့်ခရမ်းလွန်ရောင်ခြည်ကျရောက်မှုအမြင့်ဆုံးအညွှန်းကိန်းများမှာ

နေပြည်တော်တွင်(၁၀.၉)၊ရန်ကုန်မြို့တွင်(၇.၂)နှင့်မန္တလေးမြို့တွင်(၇.၁)တို့ဖြစ်ကြပါသည်။မှတ်သား

ဖွယ်ရာမိုးရေချိန်များမှာလှိုင်းတက်တွင်(၆.၄၉)လက်မ၊တောင်ကုတ်မြို့တွင်(၆.၃၄)လက်မ၊

ကျောက်ပန်းတောင်းမြို့တွင်(၆.၂၇)လက်မ၊ဝမ်းတွင်းမြို့တွင်(၄.၀၁)လက်မ၊ဗန်းမော်မြို့တွင်(၃.၉၃)

လက်မ၊ချောက်မြို့တွင်(၃.၅၄)လက်မ၊နွားထိုးကြီးမြို့တွင်(၃.၃၄)လက်မ၊အမ်းမြို့တွင်(၃.၁၅)လက်မ၊

မိတ္ထီလာမြို့တွင်(၂.၉၅)လက်မ၊ပင်လောင်းမြို့တွင်(၂.၈၇)လက်မ၊နမ့်စန်မြို့တွင်(၂.၈၃)လက်မ၊

မြစ်သားမြို့တွင်(၂.၅၀)လက်မ၊ပုသိမ်ကြီးမြို့တွင်(၂.၄၅)လက်မ၊တောင်ကြီးမြို့နှင့်သာယာဝတီမြို့

တို့တွင်(၂.၄၃)လက်မစီ၊မြစ်ကြီးနားမြို့တွင်(၂.၃၂)လက်မ၊အုတ်ဖိုမြို့တွင်(၂.၂၅)လက်မ၊ကျိုင်းတုံမြို့

တွင်(၂.၁၃)လက်မ၊သာစည်မြို့တွင်(၂.၀၆)လက်မ၊မလှိုင်မြို့တွင်(၂.၀၅)လက်မ၊ကျောက်မဲမြို့နှင့်

ငါးသိုင်းချောင်းမြို့တို့တွင်(၂.၀၀)လက်မစီတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြအနေ။ ကပ္ပလီပင်လယ်ပြင်နှင်‌့ဘင်္ဂလားပင်လယ်အော်အရှေ့

တောင်ပိုင်းတို့တွင်မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်

အသင့်အတင့်မှတိမ်ထူထပ်နေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေး

တိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်နေရာစိပ်စိပ်နှင်‌့ကျန်တိုင်းဒေသကြီးနှင်‌့ပြည်နယ်

တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊မန္တလေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊

ဧရာဝတီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။

ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ အနောက်တောင်မုတ်သုံလေသည်မြန်မာနိုင်ငံ

အလယ်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။