နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ခုနှစ်၊ ဧပြီလ(၂၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ
အတွင်းကရခိုင်ပြည်နယ်တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်
ကယားပြည်နယ်တို့တွင်နေရာအနှံ့အပြား၊ရှမ်းပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာစိပ်စိပ်၊မန္တလေး
တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီး
နှင့်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပါသည်။နေ့အပူချိန်များမှာစစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ချင်းပြည်နယ်နှင့်ကယားပြည်နယ်
တို့တွင်ဧပြီလ၏ပျမ်းမျှအပူချိန်တို့အောက်(၃)ဒီဂရီစင်တီဂရိတ်မှ(4)ဒီဂရီစင်တီဂရိတ်ထိလျော့နည်းခဲ့ပြီး၊
ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ဧပြီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်
နေ့အပူချိန်များမှာမင်းဘူးမြို့နှင့်သိမ်ဇရပ်မြို့တို့တွင်(၄၀)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါသည်။မှတ်သား
ဖွယ်ရာမိုးရေချိန်များမှာထားဝယ်မြို့တွင်(၂.၅၂)လက်မ၊ဘော်လခဲမြို့တွင်(၁.၅၀)လက်မ၊ပင်လောင်းမြို့တွင်
(ဝ.၈၃)လက်မ၊မိုးကုတ်မြို့တွင်(ဝ.၇၉)လက်မ၊ကျောက်ဆည်မြို့တွင်(ဝ.၅၉)လက်မနှင့်နေပြည်တော်(ဧလာ)
တွင်(ဝ.၅၆)လက်မတို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်
တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်တိမ်အနည်းငယ်ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်
ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်ကျန်တိုင်း
ဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါ
တစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်
ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၃၀)မှ(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်
တွင်လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်နေ့အပူချိန်များအနည်းငယ်
တိုးလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း
ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း
ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်း
ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။