Wednesday, January 4, 2017 - 20:15
မြေငလျင်သတင်းထုတ်ပြန်ချက်
၂၀၁၇ ခုနစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၉)နာရီ (၁၁)မိနစ် (၁၇)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၆၂)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ အနောက်-အနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။