မုန်တိုင်းငယ်သတင်း
==================
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၆း၀၀)နာရီအချိန်ထုတ်ပြန်ချက်)
===========================================
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂)
==================================
မုန်တိုင်းငယ်အခြေအနေ
=================
(က) ယနေ့မြန်မာစံတော်ချိန် (၁၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား
ပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်
အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်အနောက်-အနောက်မြောက်ဘက်
သို့ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ရောက်ရှိခဲ့ကာ။ အိန္ဒိယနိုင်ငံ၊
ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် (၂၈၅)မိုင်ခန့်၊ ပါရာဒစ်မြို့၏ တောင်-အနောက်တောင်
ဘက် (၃၉၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည်
ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ အရှေ့မြောက် ဘက်သို့ ပြန်ကွေ့ကာ
နောက် (၄၈)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေအနီးသို့ ရောက်ရှိမည်ဟု ခန့်မှန်းရပါသည်။
(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့
ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
============================================
(က)အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၁၅း၃၀)နာရီအချိန်တွင်
မြောက်လတ္တီကျု (၁၃.၇)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား
(၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ဖြစ်ပါသည်။
နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
=========================
(က) အဆိုပါမုန်တိုင်းငယ်သည် နောက် (၂၄)နာရီအတွင်း ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်းရ ပါသည်။
သတိပေးနှိုးဆော်ချက်
==============
(က) အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်
ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ပါသည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။
အကြံပြုချက်
=========
(က) မြန်မာ့ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း
ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။