DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၂-၁၁-၂၀၂၄: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

10 Days weather forecast

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်
======================================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ
==========================
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်
ဖြစ်ပေါ်နိုင်ပြီး၊ ပိုမို အားကောင်းလာကာမုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ

တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

မိုးအခြေအနေနှင့် မိုးရွာရက်
====================

တနင်္သာရီတိုင်းဒေသကြီးတွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်

ရွာသွန်းမြဲခန့်ရွာနိုင်ပါသည်။
မိုးရွာရက်အနေဖြင့် တစ်ပြည်လုံးတွင်(၄)ရက်မှ (၇)ရက်ခန့်မိုးထစ်ချုန်းရွာနိုင်ပါသည်။

ညအပူချိန်
=======

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက်အနည်းငယ်ပိုပြီး၊

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

မြူအခြေအနေ
=========

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်

(၅)ရက်မှ (၆)ရက်ခန့်၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် (၃)ရက်မှ (၄)ရက်ခန့်

နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ပါသည်။