၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ပထမ(၁၀)ရက်ပတ် မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၁၀-၂၀၁၆ ရက်နေ့ထုတ်ပြန်သည်)
ဧရာဝတီမြစ်ရေသည် နိုဝင်ဘာလ ပထမ(၁၀)ရက်ပတ်အတွင်း မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ၁ပေ မှ ၂ပေခန့် မြင်းမူမြို့၊ ပခုက္ကူမြို့၊ညောင်ဦးမြို့၊ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂-ပေမှ ၃-ပေခွဲခန့် ကျဆင်းနိုင်ပါသည်။
ချင်းတွင်းမြစ်ရေသည် နိုဝင်ဘာလ ပထမ(၁၀)ရက်ပတ်အတွင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁-ပေမှ ၂-ပေခန့် ကျဆင်းနိုင် ပါသည်။