DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၁၂-၂၀၂၄:ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိနိုင်ကာ၊ ထိုမှတစ်ဆင့် မြောက်ယွန်းယွန်းသို့ ဦးတည်ပြီး (၄၈) နာရီအတွင်း အင်ဒရာပရာဒေ့ရှ်ကမ်းရိုးတန်းတစ်လျောက် ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်၊၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

မုန်တိုင်းငယ်သတင်း (၅.၁၁.၂၀၁၆)

မုန်တိုင်းငယ်သတင်း

(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့ မြန်မာစံတော်ချိန်(၀၆း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈)

မုန်တိုင်းငယ်အ‌ခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြောက် - အရှေ့မြောက်

ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင်(၁၂၀)

ခန့်၊ ပါရာဒစ်မြို့၏ တောင် - အနောက်aတာင်ဘက် (၂၁၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊

ခီပူပါရာမြို့၏ အနောက်တောင်ဘက် မိုင်(၄၀၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၄၈)နာရီ

အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေအနီးသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်

ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု

(၁၇.ဝ)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၅.၂)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တို

ပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ဖြစ်ပါသည်။

နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

အဆိုပါမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်း

ရပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်

ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ

လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)

မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်

မြန်မာ့ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း

ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။