နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ
အတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်(မြောက်
ပိုင်း)တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊မန္တလေးတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တို့တွင်
နေရာကွက်ကျား၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲ၊
ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်
နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊ရခိုင်
ပြည်နယ်တွင်ဒေသအလိုက်နှင့်နေပြည်တော်တွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာ
မိုးရေချိန်များမှာကျောက်ဖြူမြို့တွင်(၄.၇၇)လက်မ၊သံတွဲမြို့တွင်(၃.၂၆)လက်မ၊စစ်တွေမြို့တွင်
(၃.၁၉)လက်မ၊မာန်အောင်မြို့နှင့်ကျိုက်မရောမြို့တို့တွင်(၂.၉၅)လက်မစီ၊မြစ်ကြီးနားမြို့နှင့်
လပွတ္တာမြို့တို့တွင်(၂.၈၃)လက်မစီ၊ဂွမြို့တွင်(၂.၅၆)လက်မ၊ပင်လယ်ဘူးမြို့တွင်(၂.၅၂)လက်မ၊
မုဒုံမြို့တွင်(၂.၄၀)လက်မ၊သထုံမြို့တွင်(၂.၃၂)လက်မ၊ပိုင်ကျုံမြို့တွင်(၂.၂၅)လက်မ၊ဘီးလင်းမြို့
တွင်(၂.၂၀)လက်မ၊ကြာအင်းဆိပ်ကြီးမြို့တွင်(၂.၁၉)လက်မ၊ညောင်တုန်းမြို့တွင်(၂.၁၈)လက်မ၊
ရးမြို့တွင်(၂.၁၂)လက်မ၊သိမ်ဇရပ်မြို့တွင်(၂.၀၉)လက်မနှင့်ဖျာပုံမြို့၊ဟိုင်းကြီးကျွန်းမြို့နှင့်လှိုင်းဘွဲ့
မြို့တို့တွင်(၂.၀၅)လက်မစီတို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်
မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေပါသည်။
မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်မကွေးတိုင်းဒေသကြီး
တို့တွင်နေရာကွက်ကျား၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်နှင့်ကယားပြည်နယ်
တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီး
နှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊
ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ
မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်
ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၃၀)မှ(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုး
ဆက်လက်ပိုနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်
ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်
ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်ထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
လာမည့်စနေ၊တနင်္ဂနွေအားလပ်ရက်များအတွက်မိုးလေဝသခန့်မှန်းချက်။ မန္တလေးတိုင်း
ဒေသကြီးတွင်နေရာကျဲကျဲ၊နေပြည်တော်နှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင်နေရာအနှံ့အပြား
မိုးထစ်ချုန်းရွာမည်။