DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၄-၂၀၂၅:  ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

Depression news

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅)၊၂၀၁၆

(၁၈.၈.၂၀၁၆)ရက်နေ့ နံနက်(၀၆း၀၀)နာရီအချိန်ထုတ်ပြန်ချက်

မုန်တိုင်းငယ်အ‌ခြေအနေ

          ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အိန္ဒိယ နိုင်ငံ အနောက်ဘင်္ဂလားကမ်းခြေ ဒီဂါမြို့ (Digha) အနီးမှ ဖြတ်ကျော်ဝင် ရောက်ခဲ့ ပြီး တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။