DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၅-၁၁-၂၀၂၄: ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

 

Depression News

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၄)၊၂၀၁၆
(၁၇.၈.၂၀၁၆)ရက်နေ့(၁၉း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

မုန်တိုင်းငယ်အ‌ခြေအနေ
(က) ယနေ့မြန်မာစံတော်ချိန် (၁၈း၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား

ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊

ကိုးလ်ကတ္တားမြို့၏ တောင်- အရှေ့တောင် ဘက် မိုင်(၆၀)ခန့်၊ အိန္ဒိယနိုင်ငံ

အနောက်ဘင်္ဂလားကမ်းခြေ ဒီဂါမြို့ (Digha)၏ အရှေ့- အရှေ့တောင်ဘက် မိုင်(၅၀)ခန့်

အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် နောက်(၁၂)နာရီအတွင်း

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားကမ်းခြေ ဒီဂါမြို့ (Digha) အနီးမှ

ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းရပါသည်။

(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး၊ မြန်မာနိုင်ငံဘက်သို့

ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိဟုသတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၁၈း၃၀)နာရီ အချိန်တွင်

မြောက်လတ္တီကျု (၂၁.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၄)ဒီဂရီတွင်ရှိပြီး၊

ဗဟိုချက်လေဖိအား (၉၉၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ

တစ်နာရီလျှင် မိုင်(၄၀)နှုန်းခန့် ဖြစ်ပါသည်။

သတိပေးနှိုးဆော်ချက်
(က) အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်

ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊

လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်

မိုင်(၄၀)မှ (၄၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။

အကြံပြုချက်
(က) မြန်မာ့ကမ်းရိုးတမ်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊

ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန်

အကြံပြုအပ်ပါသည်။