နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ
အတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊
ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်
ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာ
အနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့တွင်ဒေသ
အလိုက်၊မွန်ပြည်နယ်တွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာရန်ကုန်
(မြို့လယ်)တွင်(၃.၉၄)လက်မ၊ကွမ်းခြံကုန်းမြို့တွင်(၃.၈၆)လက်မ၊ပုသိမ်မြို့တွင်(၃.၇၄)လက်မ၊
ဖျာပုံမြို့တွင်(၃.၃၅)လက်မ၊ညောင်တုန်းမြို့တွင်(၃.၂၇)လက်မ၊ကျိုက်မရောမြို့တွင်(၃.၂၆)လက်မ၊
ခရမ်းမြို့တွင်(၃.၀၃)လက်မ၊ရေးမြို့တွင်(၂.၉၁)လက်မ၊မအူပင်မြို့တွင်(၂.၇၂)လက်မ၊ပင်လယ်ဘူး
မြို့တွင်(၂.၅၆)လက်မ၊ရွှေကျင်မြို့နှင့်သထုံမြို့တို့တွင်(၂.၄၀)လက်မစီ၊ရန်ကုန်(ဒဂုံမြောက်ပိုင်း)နှင့်
ဘားအံမြို့တို့တွင်(၂.၃၆)လက်မစီ၊ရန်ကုန်(မင်္ဂလာဒုံ)တွင်(၂.၂၉)လက်မ၊ဂွမြို့နှင့်ကျိုက္ခမီမြို့တို့တွင်
(၂.၂၄)လက်မစီ၊မှော်ဘီမြို့တွင်(၂.၀၉)လက်မ၊ချောင်းဆုံမြို့တွင်(၂.၀၅)လက်မ၊ပူတာအိုမြို့နှင့်
ဘီးလင်းမြို့တို့တွင်(၂.၀၀)လက်မစီတို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၁၃း၃၀)နာရီအချိန်တိုင်းထွာချက်များ
အရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပါ
သည်။အဆိုပါလေဖိအားနည်းရပ်ဝန်းသည်နောက်(၂၄)နာရီအတွင်းပိုမိုအားကောင်းလာကာ
မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်
မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ရှမ်းပြည်နယ်နှင့်ကယား
ပြည်နယ်တို့တွင်နေရာကျဲကျဲ၊မန္တလေးတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်နေရာ
စိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ရန်ကုန်
တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်
နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါ
တစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်
လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်
ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်ထစ်ချုန်း
ရွာပြီး၊တစ်ခါတစ်ရံသည်းထန်နိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။