DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၁-၂၀၂၄:ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါ သည်။

 

နေ့စဉ်မိုးလေဝသသတင်း (၆.၈.၂၀၁၆)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊မန္တလေး

တိုင်းဒေသကြီးတွင်နေရာကျဲကျဲ၊နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မကွေးတိုင်း

ဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးတို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်

နရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊ပဲခူးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်

ဒေသအလိုက်၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင်‌့ကရင်ပြည်နယ်တို့တွင်နေရာကွက်၍

မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာညောင်လေးပင်မြို့တွင်(၇.၉၁)လက်မ၊

ဟိုင်းကြီးကျွန်းမြို့တွင်(၅.၀၄)လက်မ၊မောင်တောမြို့တွင်(၄.၉၆)လက်မ၊ပူတာအိုမြို့တွင်(၄.၆၅)

လက်မ၊ဘီးလင်းမြို့တွင်(၃.၈၆)လက်မ၊သထုံမြို့တွင်(၃.၆၇)လက်မ၊ကျောက်ဖြူမြို့တွင်(၃.၅၄)

လက်မ၊ဂွမြို့နှင်‌့ရွှေကျင်မြို့တို့တွင်(၃.၄၇)လက်မစီ၊မဒေါက်မြို့တွင်(၃.၄၃)လက်မ၊သီပေါမြို့တွင်

(၂.၉၁)လက်မ၊လှိုင်းဘွဲ့မြို့တွင်(၂.၆၈)လက်မ၊ရန်ကုန်(ဒဂုံမြို့သစ်မြောက်ပိုင်း)တွင်(၂.၅၂)

လက်မ၊သံတွဲမြို့တွင်(၂.၂၅)လက်မ၊စစ်တွေမြို့နှင့်မာန်အောင်မြို့တို့တွင်(၂.၀၅)လက်မစီနှင့်

အမ်းမြို့တွင်(၂.၀၀)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင်‌့ဘင်္ဂလားပင်လယ်အော်တို့တွင်

မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်မန္တလေးတိုင်းဒေသကြီး

တို့တွင်နေရာကျဲကျဲ၊နေပြည်တော်၊မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင်‌့ကယားပြည်နယ်တို့တွင်

နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင်‌့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊စစ်ကိုင်း

တိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊

တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်

နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါ

တစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်း

ကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊

ကချင်ပြည်နယ်၊ကရင်ပြည်နယ်နှင်‌့မွန်ပြည်နယ်တို့တွင်မိုးဆက်လက်ပိုနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင်‌့

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။