နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ
အတွင်းကနေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့
တွင်နေရာကွက်ကျား၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့်ကယားပြည်နယ်
တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်
(မြောက်ပိုင်း)တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြား
မိုးထစ်ချုန်းရွာခဲ့ပြီး၊မကွေးတိုင်းဒေသကြီးတွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုး
ရေချိန်များမှာစစ်တွေမြို့နှင့်ပေါင်မြို့တို့တွင်(၂.၉၉)လက်မစီ၊ထားဝယ်မြို့တွင်(၂.၈၇)လက်မ၊
ဟားခါးမြို့တွင်(၂.၆၄)လက်မ၊လောင်းလုံးမြို့တွင်(၂.၆၀)လက်မ၊မော်လမြိုင်မြို့တွင်(၂.၁၃)
လက်မ၊ဆောမြို့တွင်(၂.၁၂)လက်မ၊ကျိုက်မရောမြို့တွင်(၂.၀၄)လက်မ၊ဘီလင်းမြို့တွင်(၂.၀၁)
လက်မ၊ကိုကိုးကျွန်းမြို့တွင်(၁.၈၉)လက်မ၊လှိုင်းဘွဲ့မြို့တွင်(၁.၈၅)လက်မ၊ကော့ကရိတ်မြို့တွင်
(၁.၈၁)လက်မ၊ကျောက်ဖြူမြို့နှင့်မုဒုံံမြို့တို့တွင်(၁.၆၉)လက်မစီ၊ဇလွန်မြို့နှင့်မြိတ်မြို့တို့တွင်
(၁.၆၆)လက်မစီ၊သာယာဝတီမြို့တွင်(၁.၆၁)လက်မနှင့်ဟိုင်းကြီးကျွန်းမြို့တွင်(၁.၅၄)လက်မတို့
ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်
များအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောအနောက်
ဘင်္ဂလားကမ်းခြေနှင့်သြရိဿ မြောက်ပိုင်းကမ်းခြေတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း
သည်အိန္ဒိယနိုင်ငံကုန်းတွင်းသို့ရွေ့လျားဝင်ရောက်ခဲ့ပြီးဖြစ်ပါသည်။ယနေ့မြန်မာစံတော်ချိန်
(၁၃း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်
လေဖိအားနည်းရပ်ဝန်းတစ်ခုထပ်မံဖြစ်ပေါ်နေပါသည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလား
ပင်လယ်အော်တို့တွင်မုတ်သုံလေအားကောင်းရာမှအားအလွန်ကောင်းနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်
မန္တလေးတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မကွေး
တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်
ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ရန်ကုန်တိုင်း
ဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်နှင့်မွန်
ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်
ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်
ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရှမ်းပြည်နယ်တွင်မိုးပိုလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်
ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။