DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၁-၂၀၂၄:ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါ သည်။

 

နေ့စဉ်မိုးလေဝသသတင်း (၂၈.၇.၂၀၁၆)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊

စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်

ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကျား၊နေပြည်တော်၊ပဲခူးတိုင်း‌ဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီး

တို့တွင်နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပါ

သည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာခရမ်းမြို့တွင်(၂.၀၁)လက်မ၊ရွှေကျင်မြို့တွင်(၁.၇၄)လက်မ၊

ပင်လောင်းမြို့နှင့်လွိုင်ကော်မြို့တို့တွင်(၁.၆၉)လက်မစီ၊မြိတ်မြို့တွင်(၁.၆၁)လက်မ၊ဖလမ်းမြို့နှင့်

ကျောက်ဖြူမြို့တို့တွင်(၁.၄၉)လက်မစီ၊ပဲခူးမြို့တွင်(၁.၄၆)လက်မ၊လွိုင်လင်မြို့တွင်(၁.၄၂)လက်မနှင့်

ညောင်လေးပင်မြို့တွင်(၁.၃၈)လက်မတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင်‌့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း

တို့တွင်မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်

မုတ်သုံလေအားနည်းနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရ

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ခဲ့သောအပူပိုင်းမုန်တိုင်း“မီရီနယ်”

(Mirinae)သည်ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ

တစ်ဖြည်းဖြည်းအားလျော့သွားမည်ဟုခန့်မှန်းရပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်

ပြည်နယ်နှင်‌့မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြား၊ချင်းပြည်နယ်တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်း

ဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကျဲကျဲမိုးထစ်ချုန်းရွာပြီး၊တနင်္သာရီတိုင်းဒေသကြီးတွင်နေရာ

ကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်

ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းအသင့်အတင့်မှ

လှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်

အထိတိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊

ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။