DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၁-၂၀၂၄:ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

Myanmar Daily Weather Report (28.6.2016)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကနေပြည်တော်၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့်ကယားပြည်နယ်တို့တွင်တိမ်အသင့်အတင့်

ဖြစ်ထွန်းခဲ့ပြီး၊ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်နေရာကွက်ကျား၊မန္တလေးတိုင်းဒေသကြီး၊မကွေး

တိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်ကရင်ပြည်နယ်တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်း

ဒေသကြီးအောက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာ

စိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ကာ၊တနင်္သာရီ

တိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်

များမှာမချမ်းဘောမြို့တွင်(၇.၆၀)လက်မ၊ကော့သောင်းမြို့တွင်(၃.၀၃)လက်မ၊ခရမ်းမြို့နှင့်ငါးသိုင်း

ချောင်းမြို့တို့တွင်(၂.၂၅)လက်မစီ၊ဖျာပုံမြို့တွင်(၂.၂၀)လက်မ၊မြိတ်မြို့တွင်(၁.၇၇)လက်မ၊ပုသိမ်မြို့

တွင်(၁.၃၃)လက်မ၊ပူတာအိုမြို့နှင့်ထားဝယ်မြို့တို့တွင်(၁.၃၀)လက်မစီ၊ဇောင်းတူမြို့နှင့်မြောင်းမြမြို့

တွင်(၁.၁၀)လက်မစီတို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များ

အရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်

အော်အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည်ဆက်လက်တည်ရှိနေပါ

သည်။ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားအသင့်အတင့်မှ

အားကောင်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်း

ဒေသကြီးနှင့်ကယားပြည်နယ်တို့တွင်နေရာကွက်ကျား၊မန္တလေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင်

နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်

ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့

အပြားမိုးထစ်ချုန်းရွာပြီးစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်

ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင်‌့ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ

မိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။မိုးသက်လေပြင်းကျစဉ်

ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်မှမိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်

တို့တွင်မိုးပိုလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်

ထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား

မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။