နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ
အတွင်းကမန္တလေးတိုင်းဒေသကြီးတွင်နေရာကွက်ကျား၊မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်
(မြောက်ပိုင်း)တို့တွင်နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင်နေရာစိပ်စိပ်နှင့်ကျန်
တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး၊တနင်္သာရီတိုင်းဒေသကြီး
တွင်ဒေသအလိုက်နှင့်မန္တလေးတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင်နေရာကွက်၍
မိုးကြီးခဲ့ပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာရန်ကုန်(ဒဂုံမြောက်ပိုင်း)တွင်(၄.၈၄)လက်မ၊
လောင်းလုံးမြို့တွင်(၃.၉၄)လက်မ၊ထားဝယ်မြို့တွင် (၃.၉၀)လက်မ၊ငါန်းဇွန်မြို့တွင်(၃.၂၄)
လက်မ၊သထုံမြို့တွင်(၂.၉၁)လက်မ၊ဘီးလင်းမြို့တွင်(၂.၆၀)လက်မ၊သိမ်ဇရပ်မြို့တွင်(၂.၄၀)
လက်မ၊ဟိုင်းကြီးကျွန်းမြို့တွင်(၂.၀၉)လက်မ၊ခန္တီးမြို့နှင့်ကွမ်းခြံကုန်းမြို့တို့တွင်(၁.၈၆)လက်မစီ၊
ရန်ကုန်(မြို့လယ်)တွင်(၁.၈၁)လက်မ၊ရွှေဘိုမြို့တွင်(၁.၆၁)လက်မ၊ဟဲဟိုးမြို့နှင့် မြိတ်မြို့တို့တွင်
(၁.၅၈)လက်မစီနှင့်ရန်ကုန်(ကမ္ဘာအေး)တွင်(၁.၅၀)လက်မတို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း
တို့တွင်မုတ်သုံလေအားအသင့်အတင့်မှအားကောင်းနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်
မုတ်သုံလေအားနည်းနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီးနှင့်
မကွေးတိုင်းဒေသကြီးတို့တွင်နေရာကျဲကျဲ၊နေပြည်တော်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်
ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာ
ကွက်၍မိုးကြီးနိုင်ပါသည်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းအသင့်အတင့်မှ
လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်(၃၅)မိုင်မှမိုင်(၄၀)
အထိတိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရခိုင်ကမ်းရိုးတန်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ မိုးအသင့်အတင့်
ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။