မုန်တိုင်းငယ်သတင်း
(၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့ နံနက်(ဝရး၀၀)နာရီအချိန် ထုတ်ပြန်ချက်)
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂)၊၂၀၁၆
မုန်တိုင်းငယ်အခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရအိန္ဒိယနိုင်ငံ၊
အနောက်ဘင်္ဂလားကမ်းခြေ ကန်နင်းမြို့အနီးတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်
သိသိသာသာရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေပါသည်။ အဆိုပါမုန်တိုင်းငယ်
သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ အိန္ဒိယနိုင်ငံကမ်းခြေတွင်ဖြစ်ပေါ်နေသဖြင့်
အဝါရောင်အဆင့်ရှိပြီး၊ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ
မရှိဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါမုန်တိုင်းငယ်သည်မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်တွင်မြောက်လတ္တီကျု
(၂၂.ဝ)ဒီဂရီနှင့်အရှေ့လောင်ဂျီကျု(၈၈.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)
ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်(၃၅)မိုင်နှုန်းခန့် ဖြစ်ပါ
သည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ကမ်းလွန်
ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်
အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်
တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
အကြံပြုချက်
ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း
ရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် အကြံပြုအပ်ပါသည်။