DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၁-၂၀၂၅:ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

Daily Weather Forecast

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ

အတွင်းကရန်ကုန်တိုင်းဒေသကြီးတွင်နေရာကွက်ကျားမိုးရွာခဲံ့ပြီး၊မကွေးတိုင်းဒေသကြီး၊

ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် အများအားဖြင့်သာယာခဲ့ကာ၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်

တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပါသည်။ညအပူချိန်များမှာ မကွေးတိုင်းဒေသကြီးနှင့်ရန်ကုန်

တိုင်းဒေသကြီးတို့တွင်ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်တို့ထက်(၃)ဒီဂရီစင်တီဂရိတ်မှ(၄)ဒီဂရီစင်တီဂရိတ်

ထိပိုခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။

ထူးခြားသည့်ညအပူချိန်များမှာပူတာအိုမြို့နှင့်လွိုင်လင်မြို့တို့တွင်(၄)ဒီဂရီစင်တီဂရိတ်စီ၊ဟားခါးမြို့၊

ပြင်ဦးလွင်မြို့နှင့်မိုးကုတ်မြို့တို့တွင်(၅)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ

မိုးရေချိန်မှာကိုကိုးကျွန်းမြို့တွင်(ဝ.၇၁)လက်မ ဖြစ်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အသင့်

အတင့်ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။မန္တလေးတိုင်းဒေသကြီး ၊မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊

ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး၊

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်ညအပူချိန်များဆက်လက်

လျော့နည်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန် ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်

ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်

ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။အများအားဖြင့်

သာယာမည်။