နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့ နံနက်(ရး၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့်အရှေ့
အလယ်ပိုင်းတို့တွင်မုတ်သုံလေအားအနည်းငယ်မှအားအသင့်အတင့်ရှိနေပြီး၊ကျန်ဘင်္ဂလားပင်လယ်အော်တွင်
တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်
တို့တွင်နေရာကွက်ကျား၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ရခိုင်
ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်နေရာကျဲကျဲနှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာစိပ်စိပ်
မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင်ထစ်ချုန်းမည့်အခြေအနေများ
ဆက်လက်ဖြစ်ပေါ်နေမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။
ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။