DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၂-၂-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

Daily Weather Report

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင်နေရာကွက်ကျားမိုးအနည်းငယ်ရွာခဲ့ပြီး၊မန္တလေးတိုင်းဒေသကြီး၊

ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ကာ၊

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအာဖြင့်သာယာခဲ့ပါသည်။ညအပူချိန်များမှာစစ်ကိုင်း

တိုင်းဒေသကြီးအောက်ပိုင်းတွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်ထက်(၃)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ကျန်တိုင်းဒေသကြီး

နှင့်ပြည်နယ်တို့တွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်ညအပူချိန်များမှာဟားခါးမြို့နှင့်

လွိုင်လင်မြို့တို့တွင်(၄)ဒီဂရီစင်တီဂရိတ်စီနှင့်နမ့်စန်မြို့၊, ပင်လောင်းမြို့နှင့်ဟဲဟိုးမြို့တို့တွင်(၅)ဒီဂရီစင်တီ

ဂရိတ်စီတ်ို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြအနေ။ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး၊

ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်အများအားဖြင့်သာယာနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်နေရာ

ကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းကာ

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။တစ်ပြည်လုံးတွင်အများအားဖြင့်သာယာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။

 

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။