မိုးကြိုကာလလေပြင်းတိုက်ခတ်မည့်သတိပေးချက်
(၂၀၁၅ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ထုတ်ပြန်ချက်)
မြန်မာနိုင်ငံအရပ်ရပ်တွင်အနောက်တောင်မုတ်သုံရာသီမကျရောက်မီမိုးကြိုကာလအတွင်း
နေ့အပူချိန်များမြင့်တက်လာရာမှမွန်းလွဲ/ညနေပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ပေါ်ပြီး၊အဆိုပါ
မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင်လေပြင်းများတိုက်ခတ်ခြင်း၊လေပြင်းနှင့်
အတူထစ်ချုန်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်း၊မိုးသီးကြွေခြင်းနှင့်နေရာကွက်ကျားမိုးထစ်ချုန်း
ရွာခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသည်။လေပြင်းတိုက်ခတ်စဉ်မြေပြင်/ရေပြင်
လေသည်တစ်နာရီလျှင်(၃၅)မိုင်မှမိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။
သို့ဖြစ်ပါ၍ုပြည်သူများအနေဖြင့်မုတ်သုံရာသီမကျရောက်မီ၊မိုးကြိုကာလအတွင်းဖြစ်ပေါ်လာနိုင်သည့်
မိုးလေဝသဖြစ်စဉ်များအားအထူးဂရုပြုနေထိုင်သွားကြပါရန်သတိပေးနိုးဆော်အပ်ပါသည်။