DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၇-၄-၂၀၂၅:  ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

(၂၇) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် (Video Conferencing)

(၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ် (Video Conferencing)

 ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု

 ဦးစီးဌာနမှ ဦးစီး၍ (၂) ကြိမ်မြောက် အမျိုးသားအဆင့် မုတ်သုံဖိုရမ်ဆွေးနွေးပွဲ

အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ()ရက်နေ့တွင် Video Conferencing

(Zoom Application) ဖြင့်  ကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါအခမ်းအနားတွင်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု

ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးမှ အဖွင့်အမှာစကား

ပြောကြား ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ

ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆောင်

ရွက်နေသော ဌာနဆိုင်ရာ ကိုယ်စား လှယ်များနှင့် အခြားဆက်စပ်ဌာနများမှ

ဌာနဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀)ဦးခန့်  တက်ရောက်ခဲ့ကြ

ပါသည်။

ဆွေးနွေးပွဲတွင် ၂၀၂၁ခုနှစ်၊ မုတ်သုံရာသီကာလအား ပြန်လည်သုံးသပ်ခြင်း၊ ဆောင်း

ရာသီကာလ (၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ) မိုးလေ

၀သနှင့် ဇလဗေဒဆိုင်ရာ ခန့်မှန်းချက်များအား တင်ပြဆွေးနွေးခြင်း၊  စိုက်ပျိုးရေး

မိုးလေဝသအခြေအနေနှင့် လာမည့် ဆောင်း ရာသီကာလအတွင်း ဖြစ်ပေါ်နိုင်မည့်

လာနီညာအခြေအနေနှင့် ခန့်မှန်းချက်များအား တင်ပြခြင်း၊ ရာသီအလိုက်ခန့်မှန်း

ချက်များကို အသုံးပြုသည့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပြီးခဲ့သည့် မိုးရာသီ

ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် ရာသီဥတုနှင့် မိုးလေဝသဆိုင်ရာ အတွေ့

အကြုံများနှင့် သင်ခန်း စာများကို ဆွေးနွေးခြင်းနှင့် လာမည့်ဆောင်းရာသီကာလ

အတွက် ခန့်မှန်းချက်များကို အသုံးပြု၍ ကဏ္ဍအလိုက်ကြိုတင်ပြင်ဆင်မှုအခြေ

အနေများအား အသေးစိတ် ဆွေးနွေးခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

အဆိုပါမုတ်သုံဖိုရမ်ကို ၂၀၀၇ခုနှစ်မှစတင်၍ တစ်နှစ်လျှင်(၂)ကြိမ် ပုံမှန် ကျင်းပ

လာခဲ့ရာ ယခုအစည်းအဝေးသည် (၂၇) ကြိမ်မြောက်ဖြစ်ပါသည်။