DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၁-၂-၂၀၂၅: ကပ္ပလီပင်လယ်ပြင်နှင့်  ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၆၅) ကြိမ်မြောက်၊ ကမ္ဘာ့မိုးလေ၀သနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါအခမ်းအနားအတွက် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို "သဘာ၀ဘေးကြိုတင်သတိပေးချက် ပြည့်စုံ ကောင်းမွန်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် ကျင်းပြုလုပ်သွားမည်ဖြစ်ပါ၍ အောက်ပါစည်းကမ်းချက်များအတိုင်း ပါဝင်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်-

-     ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 ဆိုဒ် စာမျက်နှာအနည်းဆုံး စာမျက်နှာ ၁၀ မျက်နှာအထိ ရေးသား ယှဉ်ပြိုင်ရမည်ဖြစ်သည်။

-     ကွန်ပျူတာစာလုံး Myanmar Unicode (Pyidaungsu Font) စာလုံးအရွယ်အစား-၁၃ (Font Size 14) စာကြောင်းအကွာအဝေး .၁၅ (Line Spacing 1.15) ဖြင့် မြန်မာစာသတ်ပုံမှန်ကန်စွာ ကွန်ပျူတာစာစီ၍ PDF နှင့် Microsoft Word တို့ဖြင့် ပေးပို့ရမည် ဖြစ်ပါသည်။

-     ပြိုင်ပွဲဝင်များ ပေးပို့သည့်စာမူများသည် မိမိကိုယ်တိုင် ဖန်တီးရေးသားထားသည့် စာမူဖြစ်ပြီး၊ ပေးပို့လာသည့်စာမူသည် ဂျာနယ်၊ မဂ္ဂဇင်းများနှင့် မီဒီယာများတွင် ဖော်ပြထားပြီးသည့် စာမူများ မဖြစ်စေရပါ။ စာကို အထောက်အထားဖြင့်ဖော်ပြပါက ကျမ်းကိုးကို ထည့်သွင်းဖော်ပြရမည်။

-     ပြိုင်ပွဲဝင်ဆောင်းပါးများကို ပညာရှင်များပါဝင်သော ဆုများစိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် ပွင့်လင်းမြင်သာမှု ရှိစွာ စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။ ပထမဆု ကျပ် (၅) သိန်း၊ ဒုတိယဆု ကျပ် (၃) သိန်း၊ တတိယဆု ကျပ် (၂) သိန်း စုစုပေါင်း ()ဆုကို ချီးမြှင့်မည်ဖြစ်ပြီး ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်သည်။

-     ပြိုင်ပွဲဝင်ဆောင်းပါးများကို (Hard/ Soft-copy) တစ်စုံစီ၊ ကိုယ်တိုင်ဖန်တီးရေးသားထားကြောင်း ဝန်ခံကတိပြုချက်၊ ပြိုင်ပွဲဝင်သူ၏အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ပတ်စပို့အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ၊ ဥက္ကဌ၊ ဆောင်းပါးပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာအေး၊ ရန်ကုန်မြို့၊ ဖုန်း ၀၉-၂၅၀၉၅၄၆၅၉နှင့် အတွင်းရေးမှူး၊ ဆောင်းပါး ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကမ္ဘာအေး၊ ရန်ကုန်မြို့၊ ဖုန်း ၀၉- ၂၅၀၉၅၄၆၅၆ သို့ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့၊ ညနေ()နာရီ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပါသည်။ စည်းကမ်းချက်များနှင့်မကိုက်ညီသော ဆောင်းပါးများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

-     ဆုရရှိသူများအားမိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ Website (http://www.dmh.gov.mm) နှင့် Facebook (https://www.facebook.com/ dmhmoezalanaypyitaw/) တို့တွင် ကြေညာပေးမည်ဖြစ်ပြီး ဆုများကို ၂၀၂၅ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့မိုးလေ၀သနေ့အခမ်းအနား၌ ချီးမြှင့်သွားမည် ဖြစ်ပါသည်။

                             ဥက္ကဌ

   ဆောင်းပါးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ

     မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန