နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့ ည(ရး၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြအနေ။ကပ္ပလီပင်လယ်ပြင်တွင်အများအားဖြင့်သာယာနေပြီး၊
ဘင်္ဂလားပင်လယ်အော်တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်အများအားဖြင့်သာယာပြီး၊ကျန်တိုင်းဒေသကြီးနှင့်
ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်
တစ်ခါတစ်ရံအရှေ့ဘက်မှလေပြင်းများတိုက်ခတ်ပြီး၊လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။
အရှေ့ဘက်မှလေပြင်းများတိုက်ခတ်စဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၃၀)အထိတိုက်
ခတ်နိုင်ပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်ညအပူချိန်များ
အနည်းငယ်တိုးလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန် ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။