နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ခုနှစ်၊ မေလ(၁၃)ရက်နေ့ နံနက်(ရး၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်
အတင့်မှတိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်
အတင့်ဖြစ်ထွန်းနေပါသည်။
ယနေ့ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ နှင့်ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ၊ ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်
မွန်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်
တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသများတွင် မိုးဆက်လက်ထစ်ချုန်း
ရွာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာ
ဖွယ်ရာရှိပါသည်။ရွာရန်ရာနှုန်း(၄၀)ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်
ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ နေရာကွက်ကျား
မိုးထစ်ချုန်းရွာနိုင်ပါသည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။