DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၄-၁-၂၀၂၅: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့ ည(ရး၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်တိမ်အသင့်

အတင့်ဖြစ်ထွန်းနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်အများ

အားဖြင့်သာယာနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်

တို့တွင်နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊

ရှမ်းပြည်နယ်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းကာ၊

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်။ရွာရန်ရွာနှုန်း

(၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်

တို့တွင်တစ်ခါတစ်ရံအရှေ့ဘက်မှလေပြင်းများတိုက်ခတ်ပြီး၊လှိုင်းအသင့်အတင့်မှလှိုင်းကြီး

နိုင်ပါသည်။အရှေ့ဘက်မှလေပြင်းများတိုက်ခတ်စဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်

(၃၀)အထိတိုက်ခတ်နိုင်ပါသည်။ကျန်မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသများတွင် နေရာကွက်ကျား

မိုးအနည်းငယ်ရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။အများအားဖြင့်သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်ညနေထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်ညနေထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။