DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃-၂-၂၀၂၅:ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပါသည်။

 

 

နေ့စဉ်မိုးလေဝသခန့်မှန်းချက် (၁၂.၀၂.၂၀၁၅)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန်ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက

စစ်ကိုင်းတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်

ဖြစ်ထွန်းခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာခဲ့ပါသည်။ညအပူချိန်

များမှာတစ်ပြည်လုံးတွင်ဖေဖော်ဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်ညအပူချိန်

များမှာဟားခါးမြို့တွင်(၂)ဒီဂရီစင်တီဂရိတ်၊ပြင်ဦးလွင်မြို့နှင့်မိုးကုတ်မြို့တို့တွင်(၆)ဒီဂရီစင်တီဂရိတ်စီ

နှင့်ပင်လောင်းမြို့တွင်(၇)ဒီဂရီစင်တီဂရိတ်တို့ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အနောက်အလယ်ပိုင်း

တို့တွင်အများအားဖြင့်သာယာနေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်

တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ပဲခူး

တိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊

ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပြီး၊

ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့် ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင်နေရာကွက်ကျားမိုး

အနည်းငယ်ရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်

ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်း

မည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ တိမ်အသင့်အတင့်ဖြစ်ထွန်း

မည်။