အမှုထမ်းရာထူးများ ခန့်ထားရေးအတွက် လျှောက်လွှာခေါ်ယူခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်းရာထူးနေရာများအတွက် လျှောက်ထားနိုင်ပါသည် -
( က ) အငယ်တန်းစာရေး ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀
( ခ ) တိုင်းထွာရေး-၄ ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀
၂။ ရာထူးတစ်ခုချင်းစီအတွက် ပညာအရည်အချင်းသတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
( က ) အငယ်တန်းစာရေး ရာထူးအတွက် (ကျား/မ)
- အနိမ့်ဆုံးပညာအရည်အချင်းမှာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိသူ ဖြစ်ရမည်။
- အင်္ဂလိပ်စာနှင့် ကွန်ပျူတာ တတ်မြောက်ရမည်။
( ခ ) တိုင်းထွာရေး-၄ ရာထူးအတွက် (ကျား/မ)
- အနိမ့်ဆုံးပညာအရည်အချင်းမှာ ရုံးချုပ်၊ နေပြည်တော်အတွက် တက္ကသိုလ်တစ်ခုခုမှ သိပ္ပံဘွဲ့ရရှိသူဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များအတွက်တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိသူ ဖြစ်ရမည်။
- အင်္ဂလိပ်စာနှင့် ကွန်ပျူတာ တတ်မြောက်ရမည်။
၃။ အထက်ဖော်ပြပါ ရာထူးများအတွက် လျှောက်ထားသူများသည် -
( က ) တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။
( ခ ) ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၄။ လျှောက်ထားလိုသူများသည် မိမိလျှောက်ထားလိုသော ရာထူးတစ်မျိုးကိုသာ ဆန္ဒပြုလျှောက်ထားရမည်။
၅။ အသက်ကန့်သတ်ချက်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ဖြင့် တွက်ချက်ရမည်။ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။ ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက် (၃၀)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
၆။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော နိုင်ငံ့ဝန်ထမ်းများသည် အထက်ဖော်ပြပါ ရာထူးများအတွက် လျှောက်ထားလိုပါက မိမိတာဝန်ထမ်းဆောင်သည့် သက်ဆိုင်ရာဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်သို့ တိုက်ရိုက်လျှောက်ထား၍ စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ပါသည်။
၇။ အခြားဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများသည် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုရှိပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီး သက်ဆိုင်ရာမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ နေပြည်တော်သို့ တိုက်ရိုက်လျှောက်ထား၍ စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ပါသည်။
၈။ အထက်ဖော်ပြပါ အရည်အချင်းသတ်မှတ်ချက်များနှင့်ပြည့်စုံသူများသည် သတ်မှတ်လျှောက်လွှာပုံစံများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နေပြည်တော်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးတို့တွင် ရုံးချိန်အတွင်း အခမဲ့ထုတ်ယူနိုင်ပါသည်။
၉။ လျှောက်လွှာပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းများပူးတွဲတင်ပြရမည် -
( က ) တိုင်းထွာရေး-၄ နှင့် အငယ်တန်းစာရေး ရာထူး၏ ပညာအရည်အချင်း အထောက် အထားအတွက် ဘွဲ့လက်မှတ်မိတ္တူ၊ အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူများအား ပူးတွဲတင်ပြရမည်။ (လျှောက်လွှာတင်သွင်းချိန်တွင် မူရင်းများတင်ပြရမည်။)
( ခ ) နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
( ဂ ) အလုပ်သမားမှတ်ပုံတင် (မိတ္တူ) (စာမေးပွဲဖြေဆိုချိန်တွင် မူရင်းတင်ပြရန်၊ နိုင်ငံ့ ဝန်ထမ်း မဟုတ်သူများသည် အလုပ်သမားမှတ်ပုံတင်ရှိပြီးပါက သက်တမ်းလွန် မဖြစ်စေရန်နှင့် အလုပ်သမားမှတ်ပုံတင်မရှိပါက အသစ်လျှောက်ထား၍ တင်ပြရမည်။)
( ဃ ) အစိုးရဌာန တစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း (Removal) ခံရသူများ လျှောက်ထားခွင့်မရှိပါ။
( င ) ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ကိုယ်တိုင်ကတိခံဝန်ချက်
( စ ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ (သို့မဟုတ်) ရဲစခန်း ထောက်ခံချက် (မူရင်း)များ တင်ပြရမည်ဖြစ်ပါသည်။
၁၀။ သတ်မှတ်ရက်ထက် ကျော်လွန်ရောက်ရှိလာသော လျှောက်လွှာများ၊ အရည်အချင်း သတ်မှတ်ချက်များနှင့် မကိုက်ညီသူများ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း၊ အထောက်အထားမပြည့်စုံသူများကို (လုံးဝ) လုံးဝ ထည့်သွင်း လက်ခံစဉ်းစားပေးမည်မဟုတ်ပါ။
၁၁။ လျှောက်လွှာများကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နေပြည်တော်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရုံးများတွင် ၇-၂-၂၀၂၅ ရက်နေ့ ၁၅-၂-၂၀၂၅ ရက်အထိ ရုံးချိန်အတွင်း ထုတ်ယူနိုင်ပြီး ၁၇-၂-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ သတ်မှတ်ချက်များ ပြည့်စုံစွာ ပူးတွဲထားသည့် လျှောက်လွှာများကို မိမိတို့ထုတ်ယူခဲ့သော သက်ဆိုင်ရာရုံးများသို့ ပေးပို့ရမည်။ သတ်မှတ်ရက်ထက် နောက်ကျရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၁၂။ စာမေးပွဲဖြေဆိုခွင့်ရရှိသူ အမည်စာရင်း၊ ခုံအမှတ်များကို လျှောက်လွှာရယူခဲ့သည်ရုံးများတွင် အသိပေးကြေညာထားမည် ဖြစ်ပါသည်။ ၁၈-၂-၂၀၂၅ ရက်တွင် ဖြေဆိုခွင့်ကတ်ပြားကို နိုင်ငံသား စိစစ်ရေးကတ်(မူရင်း) ပြသ၍ လျှောက်လွှာတင်ခဲ့သည့် ရုံးများတွင် ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက် ထုတ်ယူရမည်။
၁၃။ ရေးဖြေစာမေးပွဲကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နေပြည်တော်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရုံးများတွင် အောက်ဖော်ပြ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသည် -
စဉ် ရေးဖြေဖြေဆိုရမည့် ဘာသာရပ် နေ့ရက် အချိန်
(က) အင်္ဂလိပ်စာ၊ မြန်မာစာနှင့် အထွေထွေဗဟုသုတ ၂၀-၂-၂၀၂၅ နံနက်(၉)နာရီမှ (၁၁)နာရီထိ
၁၄။ လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နေပြည်တော်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ၏ ကြီးကြပ်မှုဖြင့် (၂၁-၂-၂၀၂၅) ရက်နေ့ နံနက် (၉:၀၀)နာရီမှ ညနေ (၄:၀၀))နာရီထိ လူတွေ့စစ်ဆေးသွားမည်ဖြစ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန