DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၅-၁၁-၂၀၂၄: ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

 

ရေနည်းမည့် အခြေအနေသတင်း

ရေနည်းမည့် အခြေအနေသတင်း

(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ(၄) ရက်၊ (၁၃:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

၁။      ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မန္တလေး မြို့တွင် (၃၃၁) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်အထက် ပေဝက်ခန့် မြင့်တက်လာနိုင်သော်လည်း ဧပြီလ ပထမ(၁၀) ရက်ပတ်အတွင်း ယင်းမြို့၏ ရေနည်း သတိပေးမှတ် (၃၆၀) စင်တီမီတာ အောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။

 

၂။       ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မင်းဘူးမြို့ တွင် (၄၀၁) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်အထက် ပေဝက် ခန့် မြင့်တက်လာနိုင်ပြီး ဧပြီလ ပထမ(၁၀) ရက်ပတ်အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာ အထက်သို့ ပြန်လည်ရောက်ရှိနိုင်ပါသည်။