DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၈-၁၁-၂၀၂၄:ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၆၆၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့ တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေပါသည်။

 

မြစ်ရေကြီးမှုအခြေအနေသတင်:

မြစ်ရေကြီးမှုအခြေအနေသတင်း

 (၂၀၁၉ ခုနှစ်၊ သြဂုတ်လ(၆)ရက်၊ (၁၇:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)

ဘီးလင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ

      ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့ တွင် (၃)စင်တီမီတာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း (၂)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်​အထက် ဆက်လက် တည်ရှိနိုင်ပါသည်။

အကြံပြုချက်

        သို့ဖြစ်ပါ၍ ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။