နေ့စဉ်မိုးလေဝသသတင်း
(၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီ
အတွင်းကစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်
တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်သာယာခဲ့ပါသည်။
ညအပူချိန်များမှာတစ်ပြည်လုံးတွင်ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်ညအပူချိန်
များမှာပင်လောင်းမြို့၊လွိုင်လင်မြို့နှင့်ဟားခါးမြို့တို့တွင်(၃)ဒီဂရီစင်တီဂရိတ်စီ၊နမ့်စန်မြို့နှင့်ပြင်ဦးလွင်
မြို့တို့တွင်(၄)ဒီဂရီစင်တီဂရိတ်စီ၊ဟဲဟိုးမြို့နှင့်မိုးကုတ်မြို့တို့တွင်(၅)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်အများအားဖြင့်သာယာနေပြီး၊
ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင်နေရာ
ကွက်ကျားမိုးအနည်းငယ်ရွာနိုင်ပြီး၊တနင်္သာရီတိုင်းဒေသကြီးတွင်တိမ်အသင့်အတင့်ဖြစ်ထွန်းကာ၊
ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်။ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသများတွင်နေရာကွက်ကျား
မိုးအနည်းငယ်ရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။