DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၈-၁-၂၀၂၅:ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

မိုးလေဝသခန့်မှန်းချက် (၂၅.၁.၂၀၁၄)

နေ့စဉ်မိုးလေဝသသတင်း

(၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက

ကချင်ပြည်နယ်တွင်နေရာကွက်ကျားမိုးအနည်းငယ်ရွာခဲ့ပြီ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊တနင်္သာရီတိုင်း

ဒေသကြီး၊ရှမ်းပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ကာ၊ကျန်းတိုင်းဒေသကြီးနှင့်ပြည်နယ်

တို့တွင်အများအားဖြင့်သာယာခဲ့ပါသည်။ညအပူချိန်များမှာဧရာဝတီတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်

ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်တို့အောက်(၃)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ပြီး၊ကချင်ပြည်နယ်တွင်ဇန်နဝါရီလ၏

ပျမ်းမျှအပူချိန်ထက်(၃)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ၊ကျန်းတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်

ခန့်သာရှိခဲ့ပါသည်။ထူးခြားသည့်ညအပူချိန်များမှာပင်လောင်းမြို့နှင့်လွိုင်လင်မြို့တို့တွင်(၂)ဒီဂရီစင်တီဂရိတ်စီ၊

နမ့်စန်မြို့နှင့်ဟားခါးမြို့တို့တွင်(၃)ဒီဂရီစင်တီဂရိတ်စီ၊ဟဲဟိုးမြို့တွင်(၄)ဒီဂရီစင်တီဂရိတ်၊လားရှိုးမြို့၊ပြင်ဦးလွင်မြို့နှင့်

မိုးကုတ်မြို့တို့တွင်(၆)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာမချမ်းဘောမြို့တွင်

(ဝ.၁၆)လက်မဖြစ်ပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်ဖြစ်ထွန်း

နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့်ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့်သာယာနေပါသည်။

မနက်ဖြန်ညနေထိခန့်မှန်းချက်။တနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်

ဖြစ်ထွန်းပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်အများအားဖြင့်သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင်ညအပူချိန်များအနည်းငယ်

တိုးလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။ အများအားဖြင့်သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်ညနေထိခန့်မှန်းချက်။သာယာမည်။