DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၂-၂၀၂၄:ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး၊ အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့ တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေကာ၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  နေရာအနှံ့အပြားမိုးရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။  

အမြင်တာ။                    ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။

ရေပြင်လေ။                   အရှေ့ (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၃၀ မှ ၃၅ မိုင်။          

လှိုင်းအ‌ခြေအနေ။          လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။                   ၇ ပေမှ ၉ ပေခန့်။

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်

မိုးလေ၀သအ‌ခြေအနေ။  တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

အမြင်တာ။                    ၅ မိုင်။

ရေပြင်လေ။                   မြောက် (သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်။          

လှိုင်းအ‌ခြေအနေ။          လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။

လှိုင်းအမြင့်။                   ၄ ပေမှ ၇ ပေခန့်။