DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၃၀-၄-၂၀၂၅:  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

" ထူးခြားမိုးလေဝသအခြေအနေသတင်း"

" ထူးခြားမိုးလေဝသအခြေအနေသတင်း"
(၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်၊ မြန်မာစံတော်ချိန် (၂၂:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၅/၂၀၁၈)

(က) ယနေ့မြန်မာစံတော်ချိန် (၂၂:၀၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းပင်လယ်ကွေ့တွင်

ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ် (Tropical Depression)သည် အနောက်-အနောက်

မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့(Pattaya)၏ တောင်-အနောက်တောင်

ဘက် (၈၅)မိုင်ခန့်၊ ပရာချရက်ခိရီခန်မြို့ (Prachuap Khiri Khan)၏ အရှေ့တောင်ဘက် (၄၅)

မိုင်ခန့်၊ မြန်မာနိုင်ငံ၊ မြိတ်မြို့၏ အရှေ့တောင်ဘက် (၁၂၅)မိုင်ခန့်၊ ရေးမြို့၏ အရှေ့တောင်ဘက်

မိုင်(၂၇၀)ခန့်၊ မော်လမြိုင်မြို့၏ အရှေ့တောင်ဘက် မိုင်(၃၄၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု

နေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ် (Tropical Depression)သည် ယနေ့ညသန်းခေါင်ယံ

အချိန်တွင် ပရာချရက်ခိရီခန်မြို့ (Prachuap Khiri Khan) အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်

ရောက်ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ တနင်္သာရီတိုင်းဒေ

သကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အား ဖြတ်ကျော်ကာ ကပ္ပလီပင်လယ်ပြင်သို့ လေဖိ

အားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

(က) အဆိုပါ အပူပိုင်းမုန်တိုင်းငယ် (Tropical Depression)၏ အရှိန်ကြောင့် ယနေ့ည သန်းခေါင်

ယံအချိန်မှ နောက်(၂၄) နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း

ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်

နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(ခ) မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်

ပြင်တို့တွင် တစ်ခါတစ်ရံ မိုး သက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်

ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်

နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်

နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။