ရေနည်းမည့် သတိပေးချက်
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၁၁) ရက်၊ (၁၃:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)
ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မင်းဘူးမြို့တွင် (၄၂၃) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၇)ရက်အတွင်း ပေ၀က်ခန့် ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာ အောက်သို့ ရောက်ရှိနိုင်ပါသည်။