DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၂၉-၄-၂၀၂၅:  ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

မုန်တိုင်းသတင်း

ရက်စွဲ။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်
မုန်တိုင်းငယ်သတင်း
(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃)၊၂၀၁၇

မုန်တိုင်းငယ်အခြေအနေ

(က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်

အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊

အိန္ဒိယနိုင်ငံ၊ မာချီလီပတ္တနမ်မြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် (၅၄၀)ခန့်၊ ဂိုပါလ်ပူမြို့၏

တောင်-အရှေ့တောင်ဘက် မိုင်(၅၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ မြောက်-အနောက်မြောက်

ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
(ခ) မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားမည့် အခြေ အနေ

မရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
(က) အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၀.ဝ) ဒီဂရီနှင့်

အရှေ့လောင်ဂျီကျု (၈၈.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေ

တိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်း ဖြစ်ပါသည်။
နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်
(က) အဆိုပါမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး၊ အိန္ဒိယနိုင်ငံ၊

အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေအနီးနှင့် သြရိဿတောင်ပိုင်းကမ်းခြေ အနီးသို့ ရောက်ရှိမည်ဟု

ခန့်မှန်းရပါသည်။
(ခ) အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသ ကြီး၊

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်

နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ်တို့တွင်

နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။
(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များ ကျရောက်ပြီး

လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)အထိ

တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တို့တွင်

(၈)ပေမှ (၁၂)ပေခန့်၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် တွင် (၆)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်
(က) သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါ

သဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ

ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။