DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

Main menu

၁၇-၁၂-၂၀၂၄:ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး၊ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄) နာရီအတွင်း အိန္ဒိယ နိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိနိုင်ကာ၊ ထိုမှတစ်ဆင့် မြောက်ယွန်းယွန်းသို့ ဦးတည်ပြီး (၄၈) နာရီအတွင်း အင်ဒရာပရာဒေ့ရှ်ကမ်းရိုးတန်းတစ်လျောက် ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်၊၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

 

ကမ္ဘာကြီးပူနွေးလာမှု (Global Warming)

ကမ္ဘာကြီးပူနွေးလာမှု (Global Warming)

ကမ္ဘာကြီးပူနွေးလာမှု(Global Warming)ဆိုသည်မှာကမ္ဘာ့မြေမျက်နှာပြင်နှင့်လေထုအတွင်းတွင်

အပူချိန်တဖြေးဖြေးမြင့်တက်လာခြင်းကြောင့်ကမ္ဘာကြီးတစ်ခုလုံးအပူချိန်မြင့်တက်လာခြင်းကိုဆိုလို

ပါသည်။ နေမှဖြာထွက်သောရောင်ခြည်များ(short wave radiation)သည်ကမ္ဘာမြေမျက်နှာပြင်

ပေါ်သို့ကျရောက်ပြီးသည့်အခါအချို့ကိုကမ္ဘာမြေပြင်ကစုပ်ယူထားပြီးအချို့ သည်အပူလှိုင်း(long

wave radiation)သို့မဟုတ်အနီအောက်ရောင်ခြည်(infrared radiation)အဖြစ်ပြောင်းလဲသွား

ပါသည်။ယင်းအပူလှိုင်းများကိုလေထုအတွင်းရှိကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)၊မီသိန်း(CH4)

နှိုက်ထရပ်အောက်ဆိုဒ်(N2O)စသည့်ဓါတ်ငွေ့များကစုပ်ယူထားခြင်းဖြင့်လူ၊တိရိစ္ဆာန်နှင့်သစ်ပင်

တို့ရှင်သန်နေထိုင်နိုင်ရန်သင့်တင့်မျှတသောအပူဓါတ်ကိုရရှိစေပါသည်။အဆိုပါဓါတ်ငွေ့များသည်

ကမ္ဘာကြီးကိုပူနွေးစေပြီးမှန်လုံအိမ်ကဲ့သို့စွမ်းဆောင်ပေးနိုင်သဖြင့်မှန်လုံအိမ်ဓါတ်ငွေ့များ

(Greenhouse Gases-GHGs)ဟုတင်စားထားကြပါသည်။

သို့ရာတွင်စက်မှုခေတ်ထွန်းကားလာသည့်အချိန်မှစတင်၍စက်ရုံအလုပ်ရုံများ၊စက်တပ်ယာဉ်များ

တိုးပွားလာခြင်းကြောင့်ကျောက်မီးသွေး၊ဓါတ်ဆီ၊ဒီဇယ်၊သဘာဝဓါတ်ငွေ့စသည့်ရုပ်ကြွင်းလောင်စာ

များသုံးစွဲမှုတစ်နှစ်ထက်တစ်နှစ်တိုးတက်များပြားလာခဲ့ရာမှလေထုအတွင်း CO2 အပါအဝင်မှန်လုံ

အိမ်ဓါတ်ငွေ့များအဆမတန်များပြားလာခဲ့ပါသည်။ဤနည်းအားဖြင့်လေထု၏အပူရှိန်ကိုစုပ်ယူ၍

မြေပြင်သို့ပြန်လည်ထုတ်လွှင့်နိုင်မှုကြီးမားလာပြီးကမ္ဘာကြီး၏အပူချိန်ကိုမြင့်တက်လာစေရာယခုအခါ

ကမ္ဘာကြီး၏အပူချိန်သည်လွန်ခဲ့သောနှစ်ပေါင်း(၁၄၀)ကထက်(၁)ဒီဂရီဖာရင်ဟိုက်(ဝ.၅ ဒီဂရီစင်တီ

ဂရိတ်)ပိုမိုပူနွေးလာသည်ဟုဆိုပါသည်။

ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများသည်ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဖြစ်ပြီးကမ္ဘာကြီးပူနွေးလာခြင်း

သည်လည်းမှန်လုံအိမ်ဓါတ်ငွေ့များထုတ်လွှတ်မှုများပြားလာခြင်းကြောင့်ဖြစ်ပါသည်။ရာသီဥတု

ေြပာင်းလဲမှုသည်ယနေ့လူသားများရင်ဆိုင်နေရသောစိမ်ခေါ်မှုကြီးတစ်ရပ်ဖြစ်ပါသည်။IPCC

(Inter governmental Panel on Climate Change)၏စတုတ္ထအကြိမ်မြောက်ဆန်းစစ်တွေ့ရှိချက်

အစီရင်ခံစာတွင်ရာသီဥတုပြောင်းလဲမှုသည်စီးပွားရေးတိုးတက်မှု၊ရေရှည်တည်တန့်သောပြည့်စုံမှုနှင့်

တစ်ကွအန္တရာယ်နားနီးသူများ၏ဘဝရှင်သန်မှုစသည်တို့ကိုခြိမ်းခြောက်လျက်ရှိကြောင်းသိပ္ပံနည်းကျ

တွေ့ရှိချက်ကိုဖော်ပြထားပါသည်။ထို့အပြင်အကယ်၍မှန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှင့်မှုသည်လက်ရှိနှုန်း

ထားအတိုင်းဆက်လက်မြင့်တက်နေပြီးစက်မှုမထွန်းကားခင်အချိန်တွင်ရှိနှုန်းထား၏နှစ်ဆမြင့်တက်

လာခွင့်ပြုမည်ဆိုပါကကမ္ဘာကြီးသည်ဤရာစုနှစ်အတွင်းပျမ်းမျှအပူချိန်၃ဒီဂရီစင်တီဂရိတ်မျှမြင့်တက်

လာမှုကိုကြုံတွေ့ရပါမည်။ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု၊စိုက်ပျိုးရာသီပြောင်းလဲလာမှု၊အစွန်း

ရောက်ရာသီဥတုဖြစ်စဉ်များဖြစ်သောမုန်တိုင်းဖြစ်ပေါ်မှု၊ရေကြီးမှုနှင့်မိုးခေါင်မှုစသည်တို့၏ကြိမ်နှုန်း

နှင့်ပြင်းအားတိုးလာမှုစသည့်ဆိုးရွားသောအကျိုးဆက်များ ဖြစ်လာပါမည်။သို့ဖြစ်ရာအန္တရာယ်ရှိသော

မှန်လုံအိမ်ဓာတ်ငွေ့လေထုထဲတွင်ပါဝင်မှုတည်ငြိမ်စေ‌ရေးသည်လူသားအားလုံး၏တာဝန်တစ်ရပ်

ဖြစ်လာပါသည်။