နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၃)
(၂၀၁၇ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ထုတ်ပြန်ချက်)
နွေကာလဖြစ်သည့် ဧပြီလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍
မွန်းလွဲ/ ညနေပိုင်းတို့တွင် အများဆုံးဖြစ်ပေါ်တတ်သည့် မိုးတိမ်တောင်များကြောင့်လည်းကောင်း၊ အနောက်
ဘက်မှ ရွေ့လျားလာသော လေအေးများနှင့်ဘင်္ဂလားပင်လယ်အော်မှ ရွေ့လျားလာသော လေနွေးများစုဆုံရာမှ
လေထုအခြေမခိုင်ခြင်းတို့ကြောင့်လည်းကောင်း မြန်မာနိုင်ငံအရပ်ရပ်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊
လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား
မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ်မြေပြင်
/ရေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀) အထိ တိုက်ခတ်နိုင်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် ဧပြီလအတွင်း ဖြစ်ပေါ်လာနိုင်သည့်
မိုးလေဝသဖြစ်စဉ်များအား အထူးဂရုပြု နေထိုင်သွားကြပါရန် ကြိုတင် သတိပေးနှိုးဆော်အပ်ပါသည်။