၂၀၁၇ ခုနှစ်၊ ဇွန်လ၊ လပတ်မြစ်ရေအခြေအနေခန့်မှန်းချက်
(၂၈-၅-၂၀၁၇ ရက်နေ့ ထုတ်ပြန်သည်)
၂၀၁၇ ခုနှစ် ဇွန်လအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့ တို့တွင် ၁၃-ပေမှ ၁၅-ပေခန့် ၊သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၁၀-ပေမှ ၁၂-ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၇-ပေမှ ၉-ပေခန့် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်းရေမှတ် အသီးသီးသို့ ရောက်နိင်ဘွယ်ရာ မရှိပါ။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့ တို့တွင် ၁၄-ပေမှ ၁၆-ပေခန့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၉-ပေမှ ၁၃-ပေခန့် မြင့်တက်လာနိုင် သော်လည်း ယင်းမြို့များ၏ စိုးရိမ်းရေမှတ် အသီးသီးသို့ ရောက်နိင်ဘွယ်ရာ မရှိပါ။
ဒုဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၂-ပေခန့်နှင့် ရွှေစာရံမြို့နှင့် မြစ်ငယ်မြို့တို့တွင် ၆-ပေမှ ၉-ပေခန့်၊ မြစ်သာမြစ်ရေသည် ပြင်သာမြို့တွင် ၈-ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ၅-ပေမှ ၇-ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၄-ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့်ပဲခူးမြို့တို့တွင် ၆-ပေမှ ၉-ပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၉-ပေခန့်နှင့် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ၉-ပေခန့်နှင့် ပုသိမ်မြို့တွင် ၃-ပေခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့တွင် ၁၀-ပေခန့်နှင့် ကျောက်တော်မြို့တို့တွင် ၆-ပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ၈-ပေခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် ၄-ပေခန့် မြင့်တက်လာနိုင် သော်လည်း ယင်းမြို့များ၏ စိုးရိမ်းရေမှတ် အသီးသီးသို့ ရောက်နိင်ဘွယ်ရာ မရှိပါ။